အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁)

အဲးခိုး အတွဲ(၁၁)၊ အမှတ်(၃၈)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နတ်တော်လပြည့်ကျော် ၉၊ ၁၆-၁၂-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ နိဒါန်း  “၄-၁-၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်သည့် အခမ်းအနားနေ့ကို (လွတ်လပ်ရေးနေ့ကို) ဝန်ကြီးများရုံး လွှတ်တော်အဆောက်အအုံနှင့် အစိုးရအိမ်တော်တွင် ကျင်းပခဲ့သည်။ ထိုနေ့နံနက် (၄း၂၀)နာရီအချိန်တွင် ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ထားသော ဘာမင်ဟမ်စစ်သင်္ဘောမှ အခါတော်ကြား အမြောက်ပစ်ဖောက်ခဲ့သည်။ လွှတ်တော် အဆောက်အအုံရှေ့ရှိ အလံတိုင်ပေါ်မှ ယူနီယံအင်္ဂလိပ်ဂျက်အလံကို ချ၏။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံတော်ကို လွှင့်တင်ခဲ့သည်။ နံနက်(၆း၅၀) နာရီအချိန်တွင် အလုံလမ်းရှိ အစိုးရအိမ်တော်ရှေ့တွင်ရှိသော အလံတိုင်တွင် မြန်မာ့အလံတော်နှင့် ဗြိတိသျှအလံတော်တို့ကို အချအတင်ပြုလုပ်သည်။ နံနက် (၈း၂ဝ) နာရီတွင် ဘုရင်ခံနှင့် ဇနီးတို့သည် ဘာမင်ဟမ်စစ်သင်္ဘောပေါ်ကို … Continue reading အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁)